comment မပေးတက်သူများအတွက်.........(နေမင်းမောင်ဆိုဒ်မှကူးယူဖော်ပြသည်)
ကျွန်တော့်ဆိုဒ်မှာ ကွန်မန့်ပေးရတာ အဆင်မပြေတာနဲ့ ပါတ်သတ်ပြီး ပြောနေတာတော့
ကြာပါပြီ .. ကျွန်တော်လည်း အတက်နိုင်ဆုံးတော့ အဆင်ပြေအောင်တော့
လုပ်ထားပါတယ် .. ဒါပေမယ့် Blogspot ဆိုတော့လည်း Wordpress တို့ Joomla တို့လောက်တော့ ဘယ်အဆင်ပြေပါ့ မလည်းနော် .. အခုလည်း မေးလ်ထဲမှာ အကိုတစ်ယောက်က တောင်းဆိုထားတာ ရှိလို့ Comment ပေးချင်ပေမယ့် ဘယ်လို ပေးရမှန်း မသိတဲ့ သူတွေအတွက် ကျွန်တော် Comment
ပေးနည်းလေးကို ရေးပေးလိုက်ပါတယ် .. ဘာပဲပြောပြော ပို့စ်တစ်ပို့စ်ကို
ရေးတယ်ဆိုရင် အဲ့ဒီပို့စ်နဲ့ ပါတ်သတ်ပြီး ပေးထားတဲ့ ထင်မြင်ချက်တွေ
ကျေးဇူးတင်စကားတွေဟာ ကျွန်တော်တို့ အတွက်တော့ တကယ် အားဆေး တစ်ခွက်ပါပဲ ..
တစ်ခါတစ်လေ စိတ်ညစ်ပြီး စာမရေးချင်တဲ့
အချိန်မှာတောင် တစ်ယောက်ယောက်က ကျေးဇူးတင် စကားပြောထားတာလေးကို ဖတ်ပြီး
စာရေးချင် စိတ်တွေ ချက်ချင်း ဖြစ်ပေါ်လာတယ်ဆိုတာ တကယ်ကြုံခဲ့ ရတာပါ ..
ကျွန်တော်တို့ Comment ရေးဖို့
အဆင်မပြေ ဖြစ်နေသူတွေ အတွက် အခုကျွန်တော် ရေးပေးတဲ့ အတိုင်း ကြည့်ပြီး
လုပ်လိုက်မယ် ဆိုရင် ဘလော့စပေါ့မှာ ကွန့်မန့်ပေးရတာ ဘယ်လောက် လွယ်လည်း
ဆိုတာ သိသွားပါလိမ့်မယ် .. ဘာပဲ ပြောပြောပါ .. အခုအချိန်ထိ
ကျွန်တော့်ဆိုဒ်လေးကို လာလည်ပြီး အားပေးကြတဲ့ သူတွေအားလုံးကိုလည်း
ကျွန်တော် အထူးကျေးဇူး တင်ရှိပါတယ်ခင်ဗျာ .. ကျွန်တော့် ဆိုဒ်လေးကို နေ့စဉ်
လာလည်နေကြတဲ့ သူတွေ ကြောင့်လည်း ကျွန်တော် စာမရေးချင်တဲ့ နေ့တွေ့မှာတောင်
စာတွေရေးဖို့ အမြဲတမ်း ခွန်အား ဖြစ်နေတာပါ ..
ကျွန်တော် Comment ပေးချင် သူတွေအတွက် Comment ဘယ်လို ပေးရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြ ပေးထားပါတယ် .. အရင်ဆုံး မိမိတို့ Comment ပေးချင်တဲ့ ပို့စ်အောက်ကို သွားလိုက်ပါ .. ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း Profile ကိုအရင် ရွေးပေးလိုက်ပါ .. G-Mail အကောင့် ၀င်ပြီးသား သူတွေကတော့ မရွေးပေးလည်း ရပါတယ် ..
commentပေးနည်းမတတ်လို့စိတ်ညစ်နေတာ အခုတော့ okသွားပြီ
ReplyDeleteကျေးဇူးပဲဗျာ
ReplyDelete